Main menu

စစ်ကိုင်းမြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှု ရှိ၊ မရှိနှင့် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော အချက်အလက်များ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်ရန် ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းခရိုင်ရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်အတူ စစ်ကိုင်းမြို့၊ မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကုန်မျိုးစုံဆိုင် (၇)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် cute press အမှတ်တံဆိပ် လိမ္မော်သီးမျက်နှာသစ် ဆပ်ပြာဘူးများနှင့် Ovaltine အမှတ်တံဆိပ် မုယောနို့ဖော်စပ်အမှုန့်ထုပ်များကို စစ်ဆေးခဲပြီး အဆိုပါ အမှတ်တံဆိပ် ကုန်စည်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်များအား ဖောက်ဖျက်မှုမရှိခြင်း၊  ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက်၊ အရောင်းမြှင့်တင် ခြင်းတွင် ပါဝင်သောအချက်အလက်များ မှန်ကန်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။  စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၂၃)ပါ တားမြစ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)