
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်(၂)ဦးတို့သည် ဆေးနှင့်ဆေး ပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များဖြစ်သော အပ်ချုပ်စုရပ်ရှိ “မြန်မာဦး”၊ မိုးဇာရပ်ရှိ “သိင်္ဂီရွှေစင်”နှင့် ရွှေသမားရပ်ရှိ “စွမ်းထက်” ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် “မြန်မာဦး၊ သိင်္ဂီရွှေစင်နှင့် စွမ်းထက်” ဆေးဆိုင်များအနေဖြင့် နေ့စဥ်သုံးနှင့် ရံဖန်ရံခါသုံး ရောင်းချသည့် ဆေးအမယ်ပေါင်း ၁၀၀/၁၅၀ မျိုးခန့်ရှိပြီး ကုမ္ပဏီများမှ ခွဲတမ်း ရရှိမှုအပေါ် မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင်ရောင်းချခြင်းများရှိကြောင်း၊ ဆေးကဒ် တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက် ပေါ်မူတည်၍သာ အမြတ်ယူ ရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှ ဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်း အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးအရောင်း ဆိုင်ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထား ရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေး ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်း မြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
