
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနခွဲတာဝန်ခံသည် ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ (၁၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့ရှိ အမှတ်(၁)၊ အမှတ်(၅)နှင့် (၃)အခြေခံပညာအထက်တန်းကျောင်းများရှိ မုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများ၌ အသင့်စားမုန့်များ၊ မြန်မာ့ရိုးရာအစားအစာများ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အသင့်စားမုန့်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာ့ရိုးရာအစားအစာများ များကို သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဌာနခွဲတာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်မုန့်အမျိုးမျိုး၊ အသင့်သောက်အချိုရည်နှင့် အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုးတို့တွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
