Main menu

“ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်း”

Powered by Drupal

                 ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ (၁၁)ရက်နေ့ ၊ နံနက်(၈း၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန ၊ မြို့နယ်စီမံကိန်းဦးစီးဌာနစသည့် ဌာနဆိုင်များနှင့်ပူးပေါင်း၍ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက် ပြီးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များပေါင်းပြီး ၂ ရာခိုင်နှုန်းအထက် ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)