Main menu

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံများ၏၂၀၂၆ခုနှစ် အတွက်(၆)လအတွင်းဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းဈေးကွက်များ

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆီထွက်သီးနှံများဖြစ်ကြသော နှမ်းနှင့် မြေပဲသီးနှံ များအား အဓိကထား၍စိုက်ပျိုးကြပြီး  ယခင်က နေကြာကို အနည်းငယ် သာစိုက်ပျိုး ကြပါသည်။ ယခုနောက်ပိုင်းနှစ်များတွင် ပြည်တွင်း စားသုံးဆီ ဖူလှုံမှုရှိစေရန်အတွက် စမ်းသပ်စိုက်ပျိုး လာကြပါသည်။ နေကြာကို ဧကပြတ်စိုက်ပျိုးကြသလို ပဲမျိုးစုံစိုက်ခင်းများထဲတွင်လည်း သီးထပ် သီးညှပ်စိုက်ပျိုးကြကြောင်းသိရပါသည်။  ၂၀၂၆ခုနှစ် (၆)လအတွင်းဖြစ်ပေါ်ခဲ့သော ဆီထွက် သီးနှံများ၏ ဈေးနှုန်းများကို အောက်ပါအတိုင်းဖော်ပြလိုက်ရပါသည်-

စဉ်

လအမည်

နှမ်းနီ

တင်းဈေး

နှမ်းနက်

တင်းဈေး

စမုံနက်

တင်းဈေး

မြေပဲဆီဆန်

ပိဿာဈေး

မြေပဲလုံးဆန်

ပိဿာဈေး

၂၀၂၆ဇန်နဝါရီ

၁၂၀၀၀၀

၁၇၃၀၀၀

၂၁၆၀၀၀

၉၀၀၀

၉၆၀၀

ဖေဖော်ဝါရီ

၁၂၀၀၀၀

၁၇၃၀၀၀

၂၁၆၀၀၀

၉၀၀၀

၉၂၀၀

မတ်လ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၁၀၅၀၀

၁၁၅၀၀

ဧပြီလ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၁၁၀၀၀

၁၅၀၀၀

မေလ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၁၀၂၀၀

၁၀၃၀၀

ဇွန်လ

၁၂၀၀၀၀

၁၇၀၀၀၀

၂၀၀၀၀၀

၉၅၀၀

၁၁၂၀၀

          ၂၀၂၆ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နှမ်းဈေးနှုန်းများမှာ နှမ်းနီဈေးမှာ နှစ်စဖြစ်သော ဇန်နဝါရီလ မှစ၍ တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် နှစ်ဝက်ဖြစ်သော ဇွန်လအထိ ဈေးမှာဆက်တိုက်ငြိမ် နေတာတွေ့ရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်ပြီး ဆီစက်လုပ်ငန်းရှင် များက ဝယ်ယူမှုရှိပြီး တစ်နေ့လျှင် ပျမ်းမျှအိတ် (၂၀၀-၃၀၀)ခန့် ဖြစ်ကြောင်းသိရပါသည်။   နှမ်းနက်ဈေးမှာလည်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်း လျှင် (၁၇၃၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လမှ ဇွန်လအထိ တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ်ဖြင့် ဈေးအနည်းငယ် ကျဆင်းလာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ မြို့တွင်းဝယ်လက်များကဝယ်ယူမှုရှိသဖြင့် တစ်နေ့ လျှင် ပျမ်းမျှ အိတ် (၃၀၀)ခန့် အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ စမုံနက် နှမ်းဈေး များမှာလည်း နှစ်စဖြစ်သော ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်တင်းကို (၂၁၆၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မတ်လမှ ဇွန်လအထိ တစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ဈေးကျလာခဲ့ပါသည်။          အရောင်းအဝယ်ဖြစ်မှုအနေဖြင့် မန္တလေးနှင့် မကွေးတိုင်းဘက်မှဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၃၀၀-၄၀၀)ခန့်အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ မြေပဲဈေးနှုန်းများအနေဖြင့်လည်း မြေပဲဆီကြိတ်ဆန် ဈေးနှုန်းများအနေဖြင့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တစ်ပိဿာကို (၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လမှ မေလအထိတွင် တစ်ပိဿာကို (၁၀၀၀၀) ကျပ်ကျော်ဖြင့် ရောင်းချခဲ့သဖြင့် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။  ဇွန်လတွင် တစ်ပိဿာကို (၉၅၀၀)ကျပ်ဖြင့် ရောင်းဝယ် လျှက်ရှိခဲ့ပြီး ဈေးပြန်လည်ကျဆင်းလာတာ တွေ့ရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့်လည်း ဆီစက်သမားများကဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ် (၂၀၀) ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ထို့အတူ မြေပဲလုံးဆန်ဈေးမှာလည်း ဇန်နဝါရီလ တွင် တစ်ပိဿာလျှင် (၉၆၀၀)ကျပ်၊ ဖေဖော်ဝါရီလတွင် (၉၂၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး မတ်လတွင် ဈေးစတင်မြင့်တက်လာ၍ တစ်ပိဿာကို (၁၁၅၀၀)ကျပ်၊  ဧပြီလတွင် တစ်ပိဿာကို (၁၅၀၀၀)ကျပ်ဖြင့် ဈေးအမြင့်ဆုံးမြင့်တက်ခဲ့ပြီး မေလနှင့် ဇွန်လတို့တွင် တစ်ပိဿာ ကို (၁၀၀၀၀)ကျော်ကျော်သာ ရောင်းချသဖြင့် ဈေးမှာပြန်လည် ကျဆင်းလာ ကြောင်း လေ့လာ သိရှိရပါသည်။

          ပြည်ခရိုင်၊ ပြည်ဈေးကွက်တွင် ၂၀၂၆ခုနှစ် (၆)လအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော ဆီထွက်သီးနှံ နှမ်းနှင့် မြေပဲဈေးနှုန်းများကို လေ့လာကြည့်ခြင်းအားဖြင့် ဝယ်လိုအားများလျှင် များသလိုအရောင်းအဝယ်ဖြစ်ပြီး ဈေးမြင့်တက်လာခဲ့တာတွေ့ရပါသည်။ စမုံနက်နှမ်းကို မန္တလေး၊ ရန်ကုန်ဝယ်လက်များက အဝယ်ရှိခြင်း၊ နှမ်းနက်ကို ဒေသတွင်းသာ ဝယ်ယူမှုရှိခြင်း၊ နှမ်းနီကို ဆီစက်သမားများက ဆီကြိတ်ရန်ဝယ်ယူမှုရှိကြပါသည်။ မြေပဲဆန်ကိုလည်း အောင်လံနှင့် မကွေးဘက်မှ ပြန်လည်ဝယ်ယူတာတွေ့ရပါသည်။ ထို့ကြောင့် ပြည်တွင်း သုတေသနဖွံ့ဖြိုး ရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် မြေပဲနှင့် နှမ်းကိုမျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရေအသွေးကောင်းသော ဆီထွက်သီးနှံများရရှိလာနိုင်မှာဖြစ်ပါသည်။

DOCA(ပဲခူး)