Main menu

၂၀၂၆ ခုနှစ်၊ ဇွန်လ(၁၆)ရက်မှ (၃၀)ရက်အတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရစားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁၆)ရက်မှ (၃၀)ရက်အတွင်း၌ ပြည်ခရိုင်ဦးစီးမှူးဦးဆောင်၍  ပြည်မြို့နယ်၊ ဆင်စုရပ်ကွက်၊ ပုထိုးကြီးလမ်းရှိ ဦးရဲခေါင်ကျော်၏ “မမပုသိမ်သူ” အာလူးကြော်လုပ်ငန်း သို့လည်းကောင်း၊ ရွှေတံခါးရပ်ကွက်ရှိ ဦးနေအောင်၏ “လယ်တော်ကြီး”ဆန်စက်သို့လည်းကောင်း၊ ကမ်းနားလမ်းရှိ ဦးကြီးတင်၏ “ဆန်ဖရန်စစ္စကို” စားသောက်ဆိုင်သို့လည်းကောင်း၊ ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် နဝဒေးစက်မှုဇုန်(၂)ရှိ ဦးမြတ်သူ၏ “ပွင့်ထွန်း”ဆန်စက် သို့လည်းကောင်း၊ နဝဒေးစက်မှုဇုန်(၂)၊ တိုးချဲ့လမ်းရှိ ဦးသန်းမင်းဆွေ၏ “TMS”သောက်ရေသန့် လုပ်ငန်းသို့လည်းကောင်း၊ စပယ်လမ်း၊ ခရမ်းကုန်းရပ်ကွက်ရှိ ဒေါ်စန္ဒာ၏ “ရွှေလက်ရာ”မုန့်လုပ်ငန်း သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကြာနီကန်ရပ်ကွက်ရှိ ဦးမောင်ဌေး၏ “ချမ်းသာ”ဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်း များသည် ဒေါင်းမြတ်နားကျေးရွာရှိ ဦးရဲထွန်းနိုင်၏ “မဟာနွယ်”ဆန်စက် သို့လည်းကောင်း သွားရောက်၍ ဖြန့်ဖြူးရောင်းချလျက် ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများ နှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)