
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၇.၇.၂၀၂၆ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ဦးမျိုးဝင်း မုန့်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြခြင်း ရှိ/မရှိကို ဌာနဆိုင်ရာအဖွဲ့များနှင့် သာယာဝတီမြို့မှမြို့နယ်တာဝန်ခံဒေါ်အေးသန္တာထွန်းနှင့်ဝန်ထမ်း တို့မှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်း အချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန် အတွက်အာမ ခံချက် ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင် ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပ ဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
