Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးကျော်ဇင်ထွေး(ဒု-ဦးစီးမှူး)           ဦးဆောင်သော ဝန်ထမ်း ( ၄ )ဦးသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ( ၁၆ )ရက်နေ့၊ နံနက်( ၁၀:၀၀ ) နာရီအချိန် တွင် လွိုင်ကော်မြို့နောင်ယား(ခ)ရပ်ကွက်ရှိ အမှတ်( ၂ ) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း( ၁၅၂ )ဦးကို စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောရှင်းလင်းဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး( ၈ )ချက်ကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝ ရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar applicationများမှဖြစ်စေ ဆက်သွယ်တိုင်ကြား နိုင်ပါကြောင်း၊ MPT U9 Atom Mytel ဆင်းကတ်များ ဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းများပါ တစ်ပါတည်းစစ်ဆေးဆောင်ရွက်ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)