
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဈေးနှုူန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများ ပြတ်လပ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးများ၏ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ၊ (FDA)ထောက်ခံချက်ရှိ/မရှိ၊ ထုတ်လုပ်သူနှင့် တင်သွင်းသူအချက်အလက်များ ပြည့်စုံမှုရှိမရှိတို့ကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး သက်တမ်းလွန်ဆေးဝါးများ၊ စံမညီဆေးဝါးများ မရောင်းချရန်၊ လုပ်ငန်း ရှင်များအား အသိပညာပေးညွှန်ကြားခဲ့ကြောင်း၊ ထို့အပြင် ဆေးဝါးများကို စည်းကမ်းတကျ သိုလှောင်ထားရှိမှုရှိမရှိ၊ ဆေးဆိုင်လိုင်စင် တရားဝင်ရှိ/မရှိတို့ကိုလည်း စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်း ရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ခြင်းများပြလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
