
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၈-၇-၂၀၂၆ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က (၅)၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းများနှင့် ပလတ်စတစ်အမှိုက်များ လျော့ချ၍ စနစ်ကျစွန့်ပစ်စေရေးများကို ဟောပြောခဲ့ပြီး ဆက်လက်၍ ရုံးအုပ် ဒေါ်သီတာဌေးက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၅) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၇၀)ဦး စုစုပေါင်း ဦးရေ(၈၅) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)
