
ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲဆန် များမှာ မိုးနှမ်းနှင့် မိုးမြေပဲများစိုက်ပျိုးချိန်ဖြစ်၍ ဝင်ရောက်မှုမရှိခြင်း၊ ဒေသတွင်း လည်း လာရောက်ရောင်းချခြင်းမရှိ၍ ယခင်လက်ကျန်များဖြင့်သာ အရောင်း အဝယ်ဖြစ် လျက်ရှိပါ သည်။ မြေပဲဆန်မှာ ဝယ်လိုအား ရှိသော်လည်း ပစ္စည်းလက်ကျန်နည်းနေသည့်အတွက် ဈေးများမြင့် တက်လာသလို နှမ်းသီးနှံမှာ လည်း နောက်ထပ်(၁)လခွဲအကြာတွင် ထွက်ပေါ်လာမည်ဖြစ်သည်ဟု သိရပါသည်။ ယခုအချိန်တွင် လူအများမှာ မြေပဲဆီနှင့် နှမ်းဆီကို ဝယ်ယူစားသုံးကြသည့်အတွက် ဆီစက်သမားများကလည်း နှမ်းနှင့်မြေပဲကိုဆီကြိတ်ရန်အဝယ်ရှိသဖြင့် သီးနှံများ ထွက်ပေါ်မှု မရှိသေးဘဲ စပ်ကူးမတ်ကူး အချိန်ဖြစ်၍ ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရပါသည်။ ယခု အပတ်ဖြစ်သော ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲဆီဆန်(အဖြူ)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (အနီ)တစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ် နှင့် မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် ရောင်းချသလို ဈေးကွက်များတွင် မြေပဲကြော်စားရန်အတွက် ရောင်းချသော မြေပဲဆန်ဈေးမှာ နို့ဆီဘူးတစ်ဘူးလျှင် (၁၇၀၀)ကျပ်ဖြင့် ရောင်းချ လျှက်ရှိပါသည်။ နှမ်းဈေးမှာ ဈေးကွက်တွင် ပစ္စည်းပြတ်နေသော်လည်း ဈေးသာဖြစ်နေ၍ နှမ်းနီ တစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၃၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၁၆၀၀၀၀)ကျပ်ဖြင့် ဈေးဖြစ်ပြီး ရံဖန်ရံခါသာအရောင်းအဝယ်ဖြစ်လျှက်ရှိသည်ဟု သိရပါသည်။
ပြည်ဈေးကွက်ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံဈေးနှုန်းများအား ၂၀၂၅ခုနှစ်နှင့် ၂၀၂၆ခုနှစ် (၂)နှစ် အလိုက် နှိုင်းယှဉ် ကြည့်မည်ဆိုလျှင်-
|
စဉ် |
အမျိုးအမည် |
ရေတွက် ပုံ |
၂၀၂၅ခုနှစ် |
၂၀၂၆ခုနှစ်(ဇန်နဝါရီလမှ ဇူလိုင်လနောက်ဆုံးပတ်) |
||
|
အနိမ့် |
အမြင့် |
အနိမ့် |
အမြင့် |
|||
|
၁ |
မြေပဲဆန်(လုံးဆန်) |
ပိဿာ |
၇၄၀၀ |
၁၀၀၀၀ |
၉၂၀၀ |
၁၃၀၀၀ |
|
၂ |
မြေပဲဆန်(ဆီဆန်) |
ပိဿာ |
၆၈၀၀ |
၈၈၀၀ |
၉၀၀၀ |
၁၂၀၀၀ |
|
၃ |
နှမ်းနီ |
တင်း |
၁၁၀၀၀၀ |
၁၂၀၀၀၀ |
၁၁၀၀၀၀ |
၁၂၀၀၀၀ |
|
၄ |
နှမ်းနက် |
တင်း |
၁၇၀၀၀၀ |
၂၂၀၀၀၀ |
၁၃၀၀၀၀ |
၁၇၃၀၀၀ |
|
၅ |
စမုံနက်နှမ်း |
တင်း |
၂၀၀၀၀၀ |
၂၅၀၀၀၀ |
၁၆၀၀၀၀ |
၂၂၀၀၀၀ |
အထက်ပါဇယားကိုကြည့်ခြင်းအားဖြင့် မြေပဲ(လုံးဆန်)ဈေးမှာ ယခင်နှစ်ထက်ယခုနှစ်မှာ ဈေးအနည်းပိုလာခဲ့သလို (ဆီဆန်)ဈေးမှာလည်း ယခုနှစ်မှာဈေးမြင့်တက်လာခဲ့ပါသည်။ နှမ်းနီဈေးကိုယခင်နှစ်နှင့်ယခုနှစ် နှိုင်းယှဉ်ကြည့်လျှင် ဈေးငြိမ်နေတာတွေ့ရပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်း မှာ ယခုနှစ်တွင် ဈေးနှုန်းများကျဆင်းလာသည်ကို လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)
