Main menu

ဒေသတွင်းစီးပွားရေးအတွက် အလားအလာကောင်းသော ကြက်မောက်သီး

Powered by Drupal

     ကချင်ပြည်နယ်တွင်စိုက်ပျိုးထွက်ရှိသည့် ကြက်မောက်သီးသည် နှစ်ရှည်ပင်သီးနှံမျိုးဖြစ်ပြီး အစေ့စိုက်ပျိုးခြင်းနှင့် ကိုင်းကူးစိုက်ပျိုးခြင်းတို့ဖြင့်စိုက်ပျိုးကြသည်။ ကြက်မောက်ပင်များကို အစေ့ စိုက်ပျိုးပါက စတင်စိုက်ပျိုးချိန်မှ(၇)နှစ်ခန့်တွင်လည်းကောင်း ကိုင်းကူးစိုက်ပျိုးပါက(၄)နှစ်ခန့်တွင် လည်းကောင်း ခူးဆွတ်ရောင်းချနိုင်ကြောင်းသိရှိရပါသည်။ ကြက်မောက်ပင်သည် ပျမ်းမျှအမြင့်ပေ (၁)ပေခန့်မှ ပေ(၃၀) ဝန်းကျင်ထိ ရှိတတ်ပြီး  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ် တို့တွင် ခြံများနှင့်အိမ်ခြံဝင်းများ၌ စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် တနိုင်တပိုင်စိုက်ပျိုးကြသည်။

      မြစ်ကြီးနားမြို့ရှိဈေးများတွင် ကြက်မောက်သီးသည် ဇူလိုင်ဒုတိယပတ်ခန့်မှ စတင်ပြီး ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ဩဂုတ်လတွင်လှိုင်လှိုင်ထွက်ရှိသည်။  ကြက်မောက်သီး သည် ရာသီအလိုက်ထွက်ရှိသည့် သီးနှံဖြစ်သောကြောင့် အချိန်ကာလအလိုက် ဈေးကောင်းရကြပြီး  အသီး‌ရေ(၅၀)ပါ တစ်တွဲလျှင် ကျပ် (၂၀၀၀) မှ ကျပ်(၄၀၀၀) အထိရောင်းကြောင်း ကြက်မောက်သီး ရောင်းချသူထံမှ သိရှိရပါသည်။

          ကချင်ပြည်နယ် ဒေသထွက်ကြက်မောက်သီးသည် နှစ်ရှည်သီးနှံအဖြစ် ရာသီချိန်တွင် များစွာ ထွက်ရှိသဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ရောင်းချနေသော တောင်သူများ တွက်ချေကိုက်လျက်ရှိပြီး MSMEလုပ်ငန်းများ အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ပါက ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုနိုင်မည့် အလားအလာကောင်းသီးနှံတစ်ခု အဖြစ်ဆက်လက် ရပ်တည် လာနိုင်ကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ကချင်)