Main menu

အသိပညာပေးဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးဝင်းသိန်းဦး(ရုံးအုပ်) သည် ၄-၈-၂၀၂၆ ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ ရန်ကင်းရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ ဥပဒေ အခန်း(၉)ပုဒ်မ(၂၀)ပါ   စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေ ခြင်းစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက် နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော  စားသုံးသူများအား Consumer Call Center 1535 သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်များကို လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ  အသိပညာများအကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)