
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ရွာသာကုန်းကျေးရွာရှိ ဟင်္သာတ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်(၃.၈.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်နှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်တို့သည် တက္ကသိုလ်ဆရာ/ဆရာမ(၃၀)ဦးနှင့် ကျောင်းသား/သူ (၂၂၀) ဦးအား စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ Online Shopping နှင့် ပတ်သတ်၍ စားသုံးသူများ ရင်ဆိုင်ရမည့် အချက်အလက်များအား အသိပညာပေး ဟောပြောခြင်း နှင့် Consumer Call Center 1535 သို့ ခေါ်ဆိုဆက်သွယ် ဆောင်ရွက်မှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ ဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများ၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် နစ်နာဆုံးရှုံးမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ပြောဆို တင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် စသည်တို့ကို အသီးသီးဆွေးနွေးခဲ့ကြပြီး၊ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းမှ သိလိုသည်များ မေးမြန်းဆွေးနွေးခြင်းကို တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
