
မအူပင် ခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ အပြင်၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဦးစီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၁၁.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မအူပင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူရေး ရာဌာနခွဲ တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ နှင့် မအူပင်မြို့၊ အမှတ်(၉)ရပ်ကွက်ရှိ စာကလေးခွေနှင့် ငှက်ပျောကျော်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့်လုပ်ငန်းရှင်မှ ခရိုင်ဦးစီးမှူးရုံးသို့ လာရောက် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ထုတ်ကုန်တွင် ဖော်ပြပါဝင်ရမည့် အခြေအနေအား စိစစ်နိုင်ရေး လာရောက်မေးမြန်းဆွေးနွေးခဲ့သဖြင့် တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။
တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာ မက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များသည် ရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား (Label) ကို မြန်မာဘာသာဖြင့် ရှင်းလင်းစွာ ဖော်ပြရမည်။ ကုန်စည်အမျိုးအစားအလိုက် ကုန်အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထည့်သွင်း ပစ္စည်းများ၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်တို့ကို မဖြစ်မနေ ထည့်သွင်း ဖော်ပြရန် တာဝန်ရှိကြောင်းရှင်းလင်းပြီး ဖော်ပြရမည့် အဓိကအချက်များမှာ ကုန်စည်၏ တံဆိပ်အမှတ် အသား နှင့် အမည်အစစ်အမှန်။ထုတ်လုပ်သူ၏ အမည်၊ လုပ်ငန်းတည်နေရာနှင့် ထုတ်လုပ် သည့်ရက်စွဲ။ အသားတင်ပမာဏ၊ အရေအတွက်နှင့် ပါဝင်သည့်ပစ္စည်းများ၏ အချိုးအစား။ ဖော်ပြပါဝင်ရမည့် အကြောင်းအရာများ လုပ်ငန်းရှင်မှ ထုတ်လုပ်သော ကုန်စည်တွင် ဖော်ပြရမည့် အမှတ်တံဆိပ်နှင့် အချက်အလက်များ၊ လိုအပ်သောအထောက်အထားများကို ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြပြီး ဆက်လက်၍ အထက်ဌာနသို့ တင်ပြနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535လိုင်းခွဲ(၁) နေပြည်တော်၊ လိုင်းခွဲ(၂)ရန်ကုန်၊ လိုင်းခွဲ(၃)မန္တလေးသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့် အမျိုးမျိုးတွင် ထည့်သွင်းဖော်ပြရမည့fကုန်အညွှန်းအမှတ်အသားအကြောင်းများအသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
