
၁၄.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ MSME ထုတ်ကုန်များ ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်ရှိ ရွှေယဉ်မင်း ဆီကြိတ်စက် လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်အတွင်းရှိ ပြည်တွင်း၌ ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် ထုတ်ကုန်များ MSME ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင် စေရေးအတွက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ရှိ/မရှိ ကုန်ထုတ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးရာ၌ မည်သည့် ကုန်စည်အမျိုးအစားများသည် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ ရန်နှင့် သတ်မှတ်ချက်များအတိုင်း ပြည့်စုံစွာရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ပါ သည်။
DOCA (မွန်)
