Main menu

ကန့်ဘလူမြို့၊ အမှတ်(၁)၊ (အ.လ.က)ခွဲကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်()(..က)ခွဲကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား  စားသုံးသူအခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်း ရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချယ် ဝယ်ယူတတ်စေရန် ရည်ရွယ်၍ ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

     ဟောပြောပွဲတွင် ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိမွန်ကျော် အကြီးတန်းစာရေး က  စားသုံးသူတစ်ဦးအနေဖြင့် ရရှိရမည့် အခြေခံအခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခြင်း၊ မုန့်နှင့် အစားအသောက်များ ဝယ်ယူရာတွင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ကြိုတင်သတိပေးချက်များကို သေချာစွာဖတ်ရှု့ရန်လိုကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ နေ့စဉ်ဝယ်ယူစားသောက်နေတဲ့ အစားအစာတွေမှာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ၊ နစ်နာဆုံးရှုံးမှုတွေရှိလာရင်လည်း တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကို သိရှိထားဖို့  အသိပညာ ပေးရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူတွေအနေနဲ့ အစားအစာအပြင် သုံးစွဲမှုပိုင်ကိုလည်း ဂရုစိုက်ရန်လိုအပ်ကြောင်း၊ ယနေ့အချိန်အခါသည် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာသည့်နှင့်အမျှ စားသုံးသူများကို အကျိုးပြုနေသော်လည်း တဖက်တွင်လည်း နစ်နာဆုံး ရှုံးမှုများနှင့် ကြုံတွေ့နေကြရကြောင်း၊ အစားအသောက်ပိုင်း၌ စားသုံးဆီနှင့်စပ်လျဉ်း၍ ဆီစားသုံးမှု လျော့ချသင့်ကြောင်း၊ လူတစ်ဦး တစ်နှစ်လျှင် ဆီ (၅ ပိဿာမှ ၆ ပိဿာထိ)သာစားသုံးသင့်ကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံး သူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)