Main menu

ပြည်နယ်ဦးစီးမှူးမှ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ် ဆားလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌအား ၁၆-၁၂-၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးမှ မိမိတို့ဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပြီး ဆားစက်ရုံများမှ ဆားထုတ်လုပ်မှုအခြေအနေ၊ ဆားဖြန့်ဖြူးမှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌမှ ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပတင်ပို့နိုင်ရေး၊ ပြည်တွင်း၌ အဓိကစားသောက်ကုန်နှင့် စက်မှုကုန်ကြမ်းဖြစ်သော အဆင့်မြင့် အိုင်အိုဒင်းဆားချောထုတ်လုပ်နိုင်ရေးနှင့် ခေတ်မီစက်ကြီးဖြင့် အိုင်အိုဒင်းဆားချော ထုတ်လုပ်နိုင်ရေးအတွက် အဆင့်မြင့်အိုင်အိုဒင်းဆားချော စက်ရုံတည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)