
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ယန်းလောအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအတွင်းရှိ “ဆိုင်မောက်(ဝ်)ဝိုးခေါင်” အမှတ်တံဆိပ် အကြော်စုံမုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် “ဆိုင်မောက်(ဝ်)ဝိုးခေါင်” အမှတ်တံဆိပ် အကြော်စုံမုန့် လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခဲ့ကြပါသည်။
DOCA(ရှမ်း)
