Main menu

ကန့်ဘလူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ တို့ကို ဩဂုတ်လ ၂၀ ရက် နံနက်ပိုင်းက  စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများသည် ကန့်ဘလူမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ အထူးဈေးကွက်စောင့် ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်းရှိ/မရှိ၊ ဆီသိုလှောင်ကန်များအတွင်း စက်သုံးဆီ ရောက်ရှိမှုနှင့် လက်ကျန်အခြေအနေများ၊ အချိန်အတွယ် လီတာခွက် စံနှုန်းမှန်ကန်မှု ရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များနှင့် မန်နေဂျာများအား စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် စက်သုံး ဆီဈေးနှုန်းများကို စနစ်တကျ ပြသရောင်းချရန်၊ အချိန်အတွယ်နှင့် အရည်အသွေး ပြည့်ဝမှန်ကန် စေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)