Main menu

passion fruit နှင့် ကျွဲကောသီးများအတွက် ပို့ကုန်ဈေးကွက်သစ်များဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသည့် ဗီယက်နမ်

Powered by Drupal

      ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန (MAE) သည် passion fruit နှင့် ကျွဲကောသီးများအတွက် ပို့ကုန်ဈေးကွက်သစ်များ ဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ယင်းလုပ်ဆောင်မှုသည် စိုက်ပျိုးရေးထွက်ကုန်များ၏ ရောင်းချနိုင်မှုကိုတိုးမြှင့်ရန်၊ တန်ဖိုးမြှင့်တင်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍ ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါသည်။
         ဝန်ကြီးဌာန၏ပြောကြားချက်အရ အပင်ထုတ်လုပ်ရေးနှင့် အပင်ကာကွယ်ရေးဌာနသည် ဗီယက်နမ်နိုင်ငံထွက်  passion fruit များကို အမေရိကန်ဈေးကွက်သို့ တင်ပို့နိုင်ရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ် အတွင်း အဆိုပါသီးနှံတင်သွင်းခွင့်ပြုမည့် တရားဝင်အသိပေးချက်ထုတ်ပြန်ရန်မျှော်မှန်းထားပြီး ယင်းက ဗီယက်နမ်စိုက်ပျိုးသူများအတွက် အရည်အသွေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် အပင်ကျန်းမာရေးဆိုင်ရာ တင်းကျပ်သောစံနှုန်းများ သတ်မှတ်ထားသည့် အမေရိကန်ဈေးကွက်သို့ ဝင်ရောက်နိုင်မည့်အခွင့်အလမ်း ရရှိစေမည်ဖြစ်ကြောင်း သိရပါသည်။  ထို့ပြင် ဗီယက်နမ်နိုင်ငံ ထွက်ကျွဲကောသီးများကို ဂျပန်နိုင်ငံသို့တင်ပို့နိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများလည်း တိုးတက်လျက်ရှိကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ကျွဲကောသီးများတွင် ဖြစ်ပွားနိုင်သည့် fruit-fly များနှင့် ပတ်သက်၍ အကြီးစားလေ့လာစမ်းသပ်မှုများကို ကြီးကြပ်ရန် ကျွမ်းကျင်သူများကို ဗီယက်နမ်နိုင်ငံသို့စေလွှတ်ထားကြောင်း သိရပါသည်။ ယင်းလေ့လာမှုများမှတစ်ဆင့် ပိုးမွှားထိန်းချုပ်ရေးနည်းလမ်းများ ဖော်ဆောင်နိုင်မည်ဖြစ်ပြီး ဈေးကွက်ဝင်ရောက်ခွင့်အတွက် လိုအပ်သည့်နည်းပညာဆိုင်ရာ စံသတ်မှတ်ချက်များကို အပြီးသတ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ယခင်ကလည်း ဗီယက်နမ်နိုင်ငံသည် ကျွဲကောသီးနှင့် သံပုရာသီးများအတွက် တရုတ်ဈေးကွက်ဖွင့်လှစ်နိုင်ရေး တိုးတက်မှုများရရှိထားကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သောကျွဲကောသီးနှင့် သံပုရာသီးများတင်ပို့ရာတွင် လိုက်နာရမည့် အပင်ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များကို ဖော်ပြထားသည့် သဘောတူစာချုပ်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းတွင် ဗီယက်နမ်နိုင်ငံ ထွက်ကျွဲကောသီးများကို ဩစတြေးလျနိုင်ငံသို့ တင်သွင်းခွင့်ပြုခဲ့ပြီး ပထမဆုံးတင်ပို့မှုကို ၂၀၂၆ ခုနှစ် ဧပြီလတွင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ယင်းသည် အရည်အသွေး၊ ထုတ်ကုန်ခြေရာခံနိုင်မှုနှင့် အပင်ကျန်းမာရေးဆိုင်ရာစံနှုန်းများကို တင်သွင်းသည့်နိုင်ငံများက ပိုမိုတင်းကျပ်လာချိန်တွင် ဗီယက်နမ်ကျွဲကောသီးများအတွက် ဈေးကွက်သစ်တစ်ခု ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ passion fruit ၊ ကျွဲကောသီးနှင့် အခြားသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များအတွက် ပို့ကုန်ဈေးကွက်များဆက်လက်ချဲ့ထွင်နိုင်ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်မှုအလားအလာများကို ပိုမိုတိုးမြှင့်ပေးနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။ ဈေးကွက်ဝင်ရောက်နိုင်ရေး နည်းပညာဆိုင်ရာ သတ်မှတ်ချက်များ ဆွေးနွေးညှိနှိုင်းနေသည့်အပြင် စိုက်ပျိုးထုတ်လုပ်သည့်ဧရိယာများနှင့် ထုပ်ပိုးစက်ရုံများ၏ မှတ်ပုံတင်ကုဒ်များစီမံခန့်ခွဲမှု၊ ပိုးမွှားထိန်းချုပ်ရေးနှင့် ထုတ်ကုန်ခြေရာခံနိုင်မှုတို့ကိုလည်း တင်သွင်းသည့်နိုင်ငံများ၏ စံနှုန်းများနှင့်ကိုက်ညီစေရေးအတွက် အဓိကလိုအပ်ချက်များအဖြစ် သက်ဆိုင်ရာအာဏာပိုင်များက သတ်မှတ်ထားကြောင်း သိရပါသည်။ ၂၀၂၅-၂၀၃၀ ခုနှစ်အတွက် အဓိကသစ်သီးဝလံသီးနှံများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ passion fruit ကို ရေရှည်တည်တံ့ စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးသီးနှံတစ်မျိုးအဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။
         စီမံကိန်းအရ အဓိကစိုက်ပျိုးရာဒေသများဖြစ်သည့် Lam Dong ၊ Gia Lai ၊ Dak Lak ၊ Quang Tri ၊ Nghe An va Son La ဒေသများတွင် passion fruit စိုက်ပျိုးဧရိယာကို ဟက်တာ ၁၂၀၀၀ မှ ၁၅၀၀၀ အထိတိုးချဲ့ရန်နှင့် နှစ်စဉ်ထုတ်လုပ်မှု တန်ချိန် ၂၅၀၀၀၀ မှ ၃၀၀၀၀၀ အထိ ရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ passion fruit စိုက်ပျိုးဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်နှင့် ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ဗဟိုကုန်းမြင့်ဒေသက ထုတ်လုပ် ပေးလျက်ရှိကြောင်း သိရပါသည်။ ပို့ကုန်ဝင်ငွေများလည်းတိုးတက်လာနေပြီး passion fruit မျိုးကွဲ ၄၀ ကျော်ကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပို့ကုန်အတွက် တရားဝင်အသိအမှတ် ပြုထားကြောင်း သိရပါသည်။ အလားတူ ဗီယက်နမ်နိုင်ငံတွင် ကျွဲကောသီးစိုက်ခင်းဧရိယာ ဟက်တာ ၁၀၆၀၀၀ ခန့်ရှိပြီး ကမ္ဘာ့အဓိကကျွဲကောသီးထုတ်လုပ်သည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် ကျွဲကောသီးများကို ဧရိယာကျယ်ဝန်းစွာ စုစည်းစိုက်ပျိုးသည့် ထုတ်လုပ်ရေးဒေသများလည်း ရှိနေကြောင်း သိရပါသည်။ ကျွဲကောသီးနှင့် သံပုရာသီး စိုက်ပျိုးမှုများမှာလည်း ဟနွိုင်း၊ Phu Tho၊ Tuyen Quang၊ Vinh Long ၊ Dong Nai နှင့် Dong Thap စသည့် ဒေသများတွင် တိုးချဲ့စိုက်ပျိုးလာလျက်ရှိကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)