Main menu

စင်္ကာပူနိုင်ငံ၏ လက်ကားရောင်းဝယ်မှု ဒုတိယသုံးလပတ်တွင် တိုးတက်လာ

Powered by Drupal

        စင်္ကာပူနိုင်ငံ၏ ဒေသတွင်း လက်ကားရောင်းဝယ်မှုကဏ္ဍသည် ဒုတိယသုံးလပတ်တွင် ပြန်လည်ဦးမော့လာခဲ့ကြောင်း စာရင်းအင်းဌာနက ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဒုတိယသုံးလပတ်တွင် ဒေသတွင်း လက်ကားရောင်းအားသည် ယခင်နှစ်ကာလ တူထက် ၂၀.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ပထမသုံးလပတ်၌ ၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့မှုကို အပေါင်းလက္ခဏာဘက်သို့ ပြန်လည်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။

        ရာသီအလိုက် ညှိနှိုင်းထားသော သုံးလပတ်အလိုက် နှိုင်းယှဉ်ချက်အရ ဒေသတွင်း လက်ကားရောင်းအားသည် ဒုတိယသုံးလပတ်၌ ၁၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စုစုပေါင်းရောင်းအားကို စင်္ကာပူဒေါ်လာ ၁၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၁.၄ ဘီလီယံ) ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

        လုပ်ငန်းအများစုမှာ ယခင်နှစ်ကာလတူထက် တိုးတက်မှုများ စံချိန်တင်ခဲ့ကြသည်။ အထွေထွေ လက်ကားကုန်သွယ်မှုလုပ်ငန်း၏ ရောင်းအားသည် ရောင်းချရသည့် ပမာဏနှင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ သင်္ဘောသုံး ပစ္စည်းနှင့် စက်သုံးဆီ ရောင်းချသည့် လုပ်ငန်းများ၏ ရောင်းအားသည်လည်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ၅၆.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထို့ပြင် သတ္တုရောင်းချရသည့် ပမာဏ လျော့နည်းသွားခြင်းကြောင့် သတ္တု၊ သစ်နှင့် ဆောက်လုပ်ရေးပစ္စည်းကဏ္ဍ၏ ရောင်းအားမှာမူ ၂၃.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

        စင်္ကာပူနိုင်ငံ၏ ပြည်ပ လက်ကားရောင်းဝယ်မှုသည် ဒုတိယသုံးလပတ်တွင် ယခင်နှစ်ကာလ တူထက် ၂၈.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်သုံးလပတ်က ၆.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ ပိုမိုမြန်ဆန်လာခဲ့သည်။ ရာသီအလိုက် ညှိနှိုင်းထားသော သုံးလပတ်အလိုက် နှိုင်းယှဉ်ချက်အရ ပြည်ပလက်ကားရောင်းအားသည် ၁၆.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ လက်ကားကုန်သွယ်မှုသည် စင်္ကာပူနိုင်ငံ၏ အကြီးမားဆုံး ဝန်ဆောင်မှုကဏ္ဍတစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA (ရန်ကုန်)