Main menu

မုဒုံမြို့နယ်တာဝန်ခံသည် ပြည်တွင်းထုတ်စားသောက်ကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             ၂၆.၈.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) မှ (၁၁း၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့နယ်အတွင်းရှိ ပြည်တွင်းထုတ် စားသောက်ကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ်စားသောက်ကုန်ပစ္စည်းများ ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်များကို မြန်မာဘာသာ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်တွဲလျက် ဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။                                                                

                                                                                                  DOCA (မွန်)