Main menu

တောင်ငူမြို့၊အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ အသိပညာပေး ဟောပြောပွဲ ကျင်းပ

Powered by Drupal

            ၂၀၂၆ခုနှစ်၊ဩဂုတ်လ ၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းဇော်၊ဒုတိယခရိုင်ဦးစီးမှူးနှင့်ဦးမြင့်သူ၊မြို့နယ်တာဝန်ခံတို့သည် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ တောင်ငူမြို့၊ အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယင်းနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျောင်းရှိ မော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးမင်းဇော်၊ ဒုတိယခရိုင် ဦးစီးမှူး က ကုန်စည် နှင့် ဝန်ဆောင်မှုများအကြောင်း၊စားသုံးသူအကြောင်း၊သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွန်းအမှတ်အသား ပြည်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးပြောကြားခြင်း၊ စားသုံးသူ များ ၏အခွင့်အရေးများအကြောင်း၊ကုန်အညွှန်းအမှတ်အသားအရေးပါပုံများအား အသိပညာပေး ပြော ကြားခဲ့ပါ သည်။

          ဆက်လက်၍ မြို့နယ်တာဝန်ခံ ဦးမြင့်သူက   စားသုံးသူအခွင့်အရေးများ ထိခိုက်နစ်နာမှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်အဆိုပါ ပူးပေါင်းအဖွဲ့သည် ကျောင်းမုန့်ဈေးတန်း ရောင်းချသူများအား စားသုံးသူ ကာကွယ်ရေးဥပဒေနှင့် အညီလုံခြုံစိတ်ချရသော ကုန်ပစ္စည်းများသာရောင်းချရန်၊ သက်တမ်း လွန် စားသောက်ကုန်များ မရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)