Main menu

၂၀၂၆ခုနှစ် ဇူလိုင်လအတွင်း ပြည်ခရိုင်ရှိ အစားအသောက်  ဝန်ဆောင်မှုလုပ်ငန်းများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိ

Powered by Drupal

                    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့အတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊ စားသောက်ဆိုင်များအနေဖြင့် လုံလောက်သည့်သတင်းအချက်အလက်များ ဈေးနှုန်းများ ပွင့်လင်း မြင်သာစွာ အသိပေးဖော်ပြစေခြင်းအားဖြင့် စားသုံးသူအခွင့်အရေး ရရှိစေရန်၊ အစားအသောက်များ၊ အသုံးအဆောင်များ၊ မီးဖိုဆောင်များ၊ ဝန်ထမ်းများ၊ သန့်ရှင်းမှုရှိစွာဖြင့် ဘေးအန္တရယ်ကင်းရှင်းစွာ ရောင်းချနိုင်စေရေးအတွက် ရည်ရွယ်၍ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “ပင်လယ်ပြာ” စားသောက်ဆိုင်၊ ကနောင်မင်းသားကြီးလမ်း၊ စက်မှုကွက်သစ်ရှိ “အမေ့အိမ်” စားသောက်ဆိုင်နှင့် နဝဒေးရပ်ကွက်ရှီ “ရွှေပြည်မောင်” စားသောက်ဆိုင် သို့လည်း ကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် လမ်းမတော်လမ်း  ၊ ကြာနီကန် ရပ်ကွက်ရှိ “ရခိုင်မလေး”စားသောက်ဆိုင်နှင့် “ပစ်တိုင်းထောင်”စားသောက်ဆိုင်သို့လည်းကောင်း၊ ပန်းတောင်း မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်ရတနာပုံရပ်ကွက်၊ ဥသျှစ်ပင်ရှိ“YADANAPONE” စားသောက် ဆိုင်နှင့် “တော်ဝင်ရတနာ” စားသောက်ဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၄) ရပ်ကွက်၊ ပြည် - တောင်ငူလမ်း ရှိ  “ဖြိုး” စားသောက်ဆိုင်နှင့် အမှတ်(၁၄)ရပ်ကွက်၊ပြည်-တောင်ငူလမ်းရှိ “မေတ္တာအိမ်” စားသောက်ဆိုင် လုပ်ငန်း  သို့လည်း ကောင်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ  ဆောင်ရွက်နေသည်ကို ကွင်းဆင်း စစ်ဆေး၍ အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ် သူများနှင့် ဝန်ဆောင်မှုပေးသူများ၏တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆတ် မှုရှိ/မရှိ၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူများအားလုံလောက်သည့် သတင်းအချက် အလက်များကို အသိပေး ဖော်ပြခြင်း ရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား(size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်ဖော်ပြထားခြင်း ရှိ/မရှိ ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန့်ရှင်းလတ်ဆက်မှုရှိခြင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း ၍ သီးခြားရယူထားမှုမရှိခြင်းနှင့် ဈေးနှုန်းများ ဖော်ပြထားသည့် Menuစာရွက်များကို စားပွဲများတွင် တင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း နှင့်အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှု လုပ်ငန်းများ အနေဖြင့် စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စားသုံးသူစိတ် ကျေနပ်မှုရှိစေရေး၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု မဖြစ်စေရေး တို့ကို ဦးစားပေး ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)