Main menu

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၁)ရက်မှ (၁၅)ရက်အတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

Powered by Drupal

                         စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ စီးပွားရေး လုပ်ငန်းရှင် များနှင့်တွေ့ဆုံဆွေးနွေးခြင်းများ  ဆောင်ရွက်လျက် ရှိရာ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁) ရက် မှ(၁၅ ) ရက်အတွင်း၌ ပြည်မြို့နယ်တွင် ပြည်ခရိုင်ဦးစီးမှူး ဦးဆောင်၍ ဈေးလမ်း၊ ကျောင်းအိုးရပ်ကွက်ရှိ ဒေါ်သိမ့်ဝတ်ရည်မောင်၏ “ဖိုးချစ်”ဆီဆိုင် သို့ လည်းကောင်း၊ ရွှေတောင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းရွာရှိ ဦးပိုင်စိုးကျော်၏ “ AK ”သောက်ရေသန့်လုပ်ငန်း၊ ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိဦးဇော်မင်းထွန်း၏ “ရွှေခတ်သစ်”ဆီစက်လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ပန်းတောင်းမြို့ရှိဦးတင်လှ၏ “ခြင်္သေ့မင်း” ဆန်စက်လုပ်ငန်း သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် အမှတ်(၃)ရပ်ကွက်ရှိ ဦးဇော်ဝင်းနိုင်၏ “ရွှေကောင်း” ဆီစက်သို့လည်းကောင်း သွားရောက်၍ ဖြန့်ဖြူးရောင်းချ လျက် ရှိ သောကုန်စည်များ တွင် အရည် အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာ ဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ် ရောင်းချမှုရှိစေ ရေး၊ ကုန်စည်အလိုက်ဖေါ်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများ နှင့်အတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)