Main menu

အောင်ပန်းမြို့ရှိ အွန်လိုင်းရောင်းချသည့် လုပ်ငန်းအားမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

             ၂၀.၈.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)မှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အောင်ပန်းမြို့ရှိ အွန်လိုင်းဖြင့်  အဝတ်အထည်၊ အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါ သည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် Online Sale စနစ်ရောင်းချခြင်းလုပ်ငန်းများသည် Social Mediaဖြစ်သော Onlineစနစ်ဖြင့်ကြော်ငြာ၍  စားသုံးသူပြည်သူများထံသို့ ဝန်ဆောင်မှုစနစ် ဖြင့် ရောင်း ချပေးသောလုပ်ငန်းစဉ်ဖြစ်ပါသည်။ ထိုသို့ရောင်းချရာတွင် စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိ စေရေး အတွက် ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင် လျှောက်ထားရောင်းဝယ်ရမည်ဖြစ်ကြောင်း၊ အသိပညာပေးခဲ့ပြီး စားသုံးသူနစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ ဖြေရှင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့သည် ဟုသတင်းရရှိပါသည်။

DOCa(ရှမ်း)