
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၁:၃၀ အချိန်တွင် မုံရွာခရိုင်တာဝန်ခံရုံး၊ မုံရွာခရိုင်မှူး ဒေါ်မိုးသီတာလင်း နှင့် ဝန်ထမ်း(၁)ဦးသည် မုံရွာမြို့၊ သလ္လာဝတီ ရပ်ကွက်ရှိ‘’ အာပေါ’ ’သောက်ရေ သန့်စက်ရုံအား ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေသည်လူတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစား သုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြထား ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(စစ်ကိုင်း)
