Main menu

ပြည်ပပို့ကုန်  ပဲစင်းငုံနီဈေးနှုန်းများ အနည်းငယ် ပြန်လည်မြင့်တက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်)တွင်  ပဲစင်းငုံနီ ဈေးနှုန်းမှာ တစ်တင်း(၂၀ပိဿာ)လျှင် ကျပ်(၁၀၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ယခင်လ(ဇူလိုင်လ)မှာ ပဲစင်းငုံတစ်တင်းလျှင် ကျပ်(၉၉၆၀၀) ဈေးပေါက်ခဲ့သဖြင့် ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၆၄၀၀)ခန့် ဈေးအနည်းငယ်မြင့် တက်လာ သည်ကို တွေ့ရပါသည်။

ဈေးကွက်သုံးသပ်ချက်

     သြဂုတ်လလယ်ပိုင်းတွင် အဝယ်အနည်းငယ် အေးခဲ့သော်လည်း၊ နောက်ဆုံးပတ်သို့ ရောက်ရှိ လာချိန်တွင် ပြည်ပ(အိန္ဒိယ)အဝယ်လိုက်လာခြင်းကြောင့် ပဲစင်းငုံဈေးကွက်သည် အနည်းငယ် ပြန်လည်လှုပ်ရှားလာခဲ့သည်။ သီးနှံအသစ်ပေါ်ရန် လအနည်းငယ်လိုသေးပြီး လက်ရှိတွင် ဂိုဒေါင်များ ၌ ပဲလက်ကျန် နည်းနေသောကြောင့် ဈေးနှုန်းကျမသွားဘဲ ယခင်လကထက် အနည်းငယ်မြင့် သော ဈေးကွက်တစ်ခုတွင် ရှိနေပါသည်။ လက်ရှိတွင် ကုန်သည်/လှောင်လက်များက ပဲကိုထုတ်မရောင်း သေးဘဲ ထိန်းထားသောကြောင့် ဈေးနှုန်းအလိုအလျောက် မြင့်တက်လာခြင်း ဖြစ်သည်။

ဈေးကွက်အလားအလာ

    ပဲစင်းငုံနီသည် လက်ရှိတွင် တစ်တင်းလျှင် ကျပ်()သိန်းဝန်းကျင် ဈေးပေါက်နေပြီး၊ ပြည်တွင်း ပဲလက်ကျန် သိသိသာသာနည်းပါးနေခြင်းကြောင့် ဈေးပြန်ကျရန်မရှိသလောက် နည်းပါး နေသည်။ အိန္ဒိယနိုင်ငံသည် လက်ရှိ ပွဲတော်ရာသီများ ဖြစ်သောကြောင့် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ပဲစင်းငုံ လိုအပ်ချက် ပိုမိုမြင့်မားလာလေ့ရှိသဖြင့် ပြည်ပအဝယ် ပြန်တက် လာကာ ဈေးနှုန်းကို ဆက်လက်မြင့်တက်စေနိုင်ပါသည်။ ပဲစင်းငုံနီ(အသစ်)သည် ဒီဇင်ဘာနှင့် ဇန်နဝါရီလပိုင်းမှသာ စတင် ပေါ်မည်ဖြစ်သောကြောင့်၊ ရှေ့လာမည့် (/)လအတွင်း ပဲလက်ကျန် နည်းပါးမှုကြောင့် ကုန်သည်များအကြိုက် ဈေးကွက်ဖြစ်လာနိုင်ပါသည်ဟု ပဲကုန်သည်များထံမှ  သိရှိရပါသည်။

DOCA(မကွေး)