
၁၉.၈.၂၀၂၆ ရက်(ဗုဒ္ဓဟူးနေ့)နံနက် (၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ ခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကျင်းပသည့် “ကလေးများအတွက် အစားအသောက်ဘေးကင်းရေးနှင့်စားသုံးသူကာကွယ်ရေး၏ အရေးပါမှု”ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်တာဝန်ခံ ဒေါ်အိအိထွေး၊ ဦးစီးအရာရှိမှ အစားအစာဘေးအန္တရာယ်ကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာ ဗဟုသုတများအား ဟောပြောဆွေးနွေးခဲ့ပါသည်။
အသိပညာပေးဆွေးနွေးဟောပြောရာတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အခြေအခံကျသည့် ဘေးအန္တရာယ်များဖြစ်သော ရူပဆိုင်ရာဘေးအန္တရာယ်၊ ဓါတုဆိုင်ရာ ဘေးအန္တရာယ် နှင့်အနုဇီဝဆိုင်ရာဘေးအန္တရာယ်များအကြောင်းနှင့် အဆိုပါ ဘေးအန္တရာယ်များမဖြစ်စေရေး ရှောင်ကျဉ် ရမည့်နည်းလမ်းများနှင့် ဆောင်ရွက်ရမည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာများနှင့်စပ်လျဉ်း၍ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စကားရပ်များအား လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ Consumer Call Center (၁၅၃၅) လိုင်းခွဲနံပါတ်(၁) နေပြည်တော်သို့လည်းကောင်း၊ လိုင်းခွဲနံပါတ်(၂) ရန်ကုန်မြို့ သို့လည်းကောင်း၊ လိုင်းခွဲနံပါတ်(၃) မန္တလေးမြို့သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဆိုဒ်ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်လေ့လာနိုင်မည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ လက်ကမ်း စာစောင်များ ဝေငှခဲ့ပါကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)
