
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ (၇.၉.၂၀၂၆) ရက်၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဦးသန်းတိုး (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် နမ့်စန်မြို့ အတွင်းရှိ ကုန်စုံဆိုင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် နမ့်စန်မြို့ရှိ ဒေါင်းတိုက်(ကုန်စုံဆိုင်)၌ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်(၇)ချက်အနက် အသင့်စား ခေါက်ဆွဲခြောက် အမျိုးမျိုးတွင်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ တို့ကိုလည်း ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်ပိုင်ရှင်များကိုလည်း စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းအသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)
