
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ သာကေတရပ်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ အသိပညာ ပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ ၆၀ ဦးခန့် တက်ရောက် ခဲ့ပြီး ၁၀း၃၀ နာရီ အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
