
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ကျောင်းစာ အပြင် ပြင်ပ ဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ(၁၄)ရက်နေ့ မွန်းလွဲပိုင်းက ကညွှတ်ကွင်းမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ် ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးရာတွင် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအကြောင်း၊ ဖြူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ် တာဝန်ခံဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများ အကြောင်းတို့ကိုဟောပြောသည်။ အလားတူ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များပြသခြင်းများကိုဆောင်ရွက်ပေးခဲ့ပြီး ဟောပြောပွဲသို့ သိရသည်။
DOCA(ပဲခူး)
