Main menu

တောင်ငူမြို့နယ်အတွင်း Online Shop လျှောက်ထားသူများအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

                   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား Online စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက နစ်နာမှုမရှိစေရေးအတွက် Online စနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအား စနစ်တကျ ထိန်းကျောင်း နိုင်မည့် e-Commerce Registration System (e-ConReg System) အားရေးဆွဲ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) မှတ်ပုံတင် လက်မှတ် ခွင့်ပြုထုတ် ပေးခြင်းလုပ်ငန်းများဆောင်ရွက်ရှိပြီး လျှောက်ထားလာသည့် Online Sales မှတ်ပုံတင်လက်မှတ်များအား စစ်ဆေးပြီးသည့်အခါ စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးမှူးရုံး များရှိ စစ်ဆေးရေးအရာရှိများမှ မြေပြင်ကွင်းဆင်းစစ်ဆေးလျှက်ရှိပါသည်။

          (၁.၉.၂၀၂၆) ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့တို့သည် တောင်ငူမြို့ပေါ်ရှိ Online Shop Registration မှတ်ပုံတင်လျှောက်ထားသည့် Au79 Clothing သို့သွားရောက်၍ မှတ်ပုံတင်မည့် လုပ်ငန်းအမည် မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်းတည်ရှိရာ လိပ်စာမှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ်မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်း၏ Logo မှန်ကန်မှုရှိ/မရှိ၊ ကုမ္ပဏီ မှတ်ပုံတင်ရှိ/မရှိ၊ SME မှတ်ပုံတင် ရှိ/မရှိ၊ လုပ်ငန်းရှင်၏ အမည်၊ လိပ်စာ၊ မှတ်ပုံတင်နှင့် နိုင်ငံသား/ နိုင်ငံခြားသား မှန်ကန်မှုရှိ/မရှိတို့အပြင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် အမည်ပျက်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်းထောက်ခံချက် ရှိ/မရှိ၊ ရောင်းချသည့်ကုန်စည်/ ဝန်ဆောင်မှု အုပ်စုကိုက်ညီမှုရှိ/မရှိ၊ ဥပဒေတစ်ရပ်ရပ်အရ တားမြစ် /ကန့်သတ် ထားသော ကုန်စည်ဟုတ်/မဟုတ်၊ ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ၊ ရောင်းချနေသော ကုန်စည်သည် ကိုယ်ပိုင်ထုတ်ကုန်ဟုတ်/ မဟုတ်၊ ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်/ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ ရောင်းချနေသော ကုန်စည်တွင် ပြင်တွင်း၌ထုတ်လုပ်/ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီလိပ်စာပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Au79 Clothing အနေဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်လျှက်ရှိပြီး အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချနေ သည်ကိုတွေ့ရှိရသဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးချက်များနှင့် လျှောက်ထားစဉ်ကအချက်အလက်များ ကိုက်ညီမှုရှိကြောင်း သိရှိရ ပါသည်။

DOCA(ပဲခူး)