Main menu

ကျောင်းကုန်းမြို့နယ် အတွင်းရှိ စားအုန်းဆီရောင်းချသည့်ဆိုင်များအား တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

                  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ စက်ဘင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်စုံဆိုင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                  အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဦးတင်ကိုသည် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဒါးကမြစ်ရေတိုးလာသည်နှင့်အမျှ ရေကြီးရေလျံမှုများ ဖြစ်ပေါ်နိုင်သည့် အတွက် စားသုံးသူပြည်သူများအား စားအုန်းဆီများ အချိန်အတွယ်ပြည့်မှီအောင် ရောင်းချပေးရန်နှင့် သွားလာရန်ခက်ခဲသည့် နေရာများတွင်တွင်း စားအုန်းဆီများအား မရောင်းချခြင်းများမပြုလုပ်ကြရန် အထူးမှာကြားပြီး စားအုန်းဆီများအား မရောင်းချဘဲ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း မှာကြားခဲ့သည်ကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)