Main menu

ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်အတွင်းရှိ နန်းသိမ်းမယ်ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်း တို့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်နေ့ ၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ အမှတ်(၂)အတွင်းရှိ စားအုန်းဆီရောင်းချသည့် ကိုယ်စားလှယ် ဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီရောင်းပြန်လည်ရောင်းချပေးသည့် ကျေးရွာ၊ အုပ်စု၊ ရပ်ကွက်များရှိ စားအုန်းဆီလက်လီကိုယ်စားလှယ်များအား ကျေးရွာ၊ ရပ်ကွက် များတွင် အမှန်တကယ် ရှိသည့် အိမ်ထောင်စုများထံသို့ စားအုန်းဆီ တစ်လလျှင် အိမ်ထောင်စုတစ်စု ရရှိနိုင်သည့် ပိဿာ၊ ကျပ်သားပမာဏကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရန်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ လက်လီကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ စားအုန်းဆီတစ်ပိဿာလျှင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးရန် တို့ကို မှာကြားခဲ့သည်ကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)