Main menu

မအူပင်မြို့၌ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီ ပြည်သူများ လက်‌ဝယ်အရောက် ရောက်ချနေမှုများအား         ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

                  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီလက်ကား ရောင်းချသည့်ဆိုင်များမှ ဒေသခံပြည်သူများလက်ဝယ်အရောက်  သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေး၊ ဆီစာအုပ်ဖြင့်သာ ရောင်းချစေရေး ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ရှောင်တခင်ကွင်းဆင်း စစ်ဆေးသည်။

                  အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူးဦးဖြိုးကိုကို၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယစုံစမ်းရေးမှူးဦးရဲဟန်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌဦးသက်ဦးနှင့် မြို့နယ်စားအုန်းဆီလုပ်ငန်း ကြီးကြပ်မှု အဖွဲ့ဝင်များပူးပေါင်း၍ မအူပင်မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူး ရောင်းချ နေသည့် လက်လီလက်ကားဆိုင် (၂၇) ဆိုင်အား မြေပြင်ကွင်းဆင်း၍ ဒေသခံ ပြည်သူများလက်ဝယ်အ‌ရောက် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိစေရေး၊ ဆီစာအုပ်များဖြင့်သာ စနစ်တကျရောင်း‌ချစေရေး၊ သတ်မှတ်ခွဲ တမ်းများအား စာအုပ်ဖြင့်အပြည့်အဝ ရောင်းချမှုရှိစေရေး၊ အလေးချိန် မှန်ကန်မှုရှိစေရေး ဆွေးနွေးပြောကြားပြီး ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)