Main menu

ပန်းတနော်မြို့နယ်တွင် စားသုံးသူအခွင့်အရေး ၈ ချက်အကြောင်း Talk Show ဖြင့် အသိပညာပေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ စားသုံးသူအခွင့်အရေးများကို ပိုမိုသိရှိနားလည်စေ ရန်ရည်ရွယ်ကာ "စားသုံးသူအခွင့်အရေး ၈ ချက်" အသိပညာပေး Talk Show အစီအစဉ် ကို Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါ Talk Show တွင် ပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် မိမိတို့ရရှိမည့် ဥပဒေပါ အခွင့်အရေးများနှင့် နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ စားသုံးသူများ သိရှိထားရမည့် အခွင့်အရေး ၈ ချက်အနေဖြင့် (က) စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များ ပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊(ခ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊(ဂ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊(ဃ) ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊(င) စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ရရှိနိုင်စေခြင်း၊(စ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှု များနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊(ဆ) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊(ဇ) ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့် အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း တို့ဖြစ်ကြောင်း အကယ်၍ အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများနှင့် အန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်/ဝန်ဆောင်မှုများ ကြုံတွေ့ရပါက စားသုံးသူရေးရာဦးစီးဌာန (DOCA) ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော DOCA မြန်မာ တွင်ဖြစ်စေ၊ Consumer Call Center ဖုန်းနံပါတ် 1535 သို့ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)