Main menu

ပြည်တွင်းထုတ်ကုန် မုန့်များတွင် သက်တမ်းကုန်ဆုံးရက်နှင့် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားမှု ရှိမရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

              ပြည်တွင်းထုတ်ကုန် မုန့်များတွင် သက်တမ်းကုန်ဆုံးရက်နှင့် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားသော DOCA ၏ ကုန်အညွှန်းအမှတ်အသား စံသတ်မှတ်ချက်များအတိုင်း စစ်ဆေးရန် လိုအပ်သည့်အတွက် ပန်းတနော်မြို့နယ် အတွင်းရှိ အသင့်စားထုတ်ကုန်မုန့်အမျိုးမျိုးရောင်းချသော မုန့်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

              ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ စစ်ဆေးဆောင်ရွက်ရာတွင် ရောင်းချနေသော ပြည်တွင်းထုတ်ကုန် မုန့်အမျိုးမျိုးတွင် မုန့်အမျိုးအမည်ကို မြန်မာဘာသာဖြင့် ရှင်းလင်းစွာ ဖော်ပြထားရမည်။ စားသုံးရန် မသင့်တော့သည့် သက်တမ်းကုန်ဆုံးရက်စွဲ (အခန်း (၁၈) ကုန်အညွှန်းအမှတ်အသား) ကို တိကျစွာ ထည့်သွင်းရမည်။ အသုံးပြုထားသော ကုန်ကြမ်းပစ္စည်းများနှင့် ဓာတုပစ္စည်းအချိုးအစားများကို ဖော်ပြရမည်။ မည်သည့်လုပ်ငန်း သို့မဟုတ် ကုမ္ပဏီက ထုတ်လုပ်သည်ကို တိကျစွာ ရေးသားရမည်။ အလေးချိန် သို့မဟုတ် အရေအတွက်ကို ရှင်းလင်းစွာ ဖော်ပြရမည်။ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန် သက်မှတ်ချက်များ ဖော်ပြထားရမည် စသောအချက်များ နှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးရာ ကိုက်ညီမှုရှိသော မုန့်များရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး လစဉ်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရေးယူဆောင်ရွက်မည့် အစီအမံများရှိ၍ အသိပညာပေး ရက်သတ်မှတ်၍ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သတ်မှတ်ချက်များကို လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ သိမ်းဆည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)