Main menu

ပခုက္ကူကြက်သွန်နီ အောက်တိုဘာလ(ပထမပတ်) ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင့် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

      ၂၀၂၆ခုနှစ်၊အောက်တိုဘာလ (ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းသည် အမြင့်ဈေးတန်းတစ်ခုကို ရောက်ရှိနေပြီဖြစ်ကြောင်း ဈေးသည်များနှင့် ကြက်သွန်နီ ကုန်သည်များထံမှ သိရှိရပါသည်။ ယခု တစ်ပတ်၏ ကြက်သွန်နီ ဒိုင်ပြတ်ဈေးမှာ ကြက်သွန်နီ အလုံးအရွယ်အစားကိုလိုက်၍ ထိပ်စ တစ်ပိဿာ လျှင်ကျပ် (၈၅၀၀)၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၈၀၀၀) ၊အနိမ့်စတစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဖြစ်ပြီး ယခင်စက်တင်ဘာလတွင် အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းများမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၇၀၀၀) ၊အနိမ့်စတစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဈေးဖြစ်၍ ယခုတစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင်ကျပ် (၁၀၀၀)ခန့် ဈေးတက်နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။ ဆောင်စိုက် ကြက်သွန်နီလက်ကျန်နည်းပါးလာခြင်းနှင့် ပြည်တွင်းဝယ်လက်များမှ အဝယ်လိုက်ခြင်းတို့ကြောင့် ဈေးတက်ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှသိရှိ ရပါသည်။ ကြက်သွန်နီ တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းတွင် ယခင်ကထက်ပိုမိုတင်ပို့များလာသည်လည်း သိရှိရပါသည်။

          ပခုက္ကူမြို့မ စည်ပင်သာယာ ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချနေသောကြက်သွန်နီ လက်လီဈေးမှာ ထိပ်စ တစ်ပိဿာလျှင်ကျပ် (၁၀၀၀၀)၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၉၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၈၀၀၀)ဈေးဖြင့် ရောင်းချနေပြီး တင်ပို့မှုအနေဖြင့် အိတ်ရေ (၃၉၈၁၈) အိတ်၊ တန်ချိန်အားဖြင့် (၁၆၂၅) တန်တင်ပို့လျက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)