Main menu

  လက်ပံတန်းမြို့နယ်ရှိ မုန့်မျိုးစုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင်ရုံး အစည်းအဝေးခန်းမ၌ ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၆ရက်နေ့ နံနက် (၉:၃၀)နာရီ အချိန်တွင် သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီ၊ လက်ပံတန်းမြို့နယ်  တာဝန်ခံ ဦးကျော်မျိုးထွန်းတို့သည် မုန့်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင် ၃၆ ဦးနှင့် တွေ့ဆုံ၍ အသိပညာပေး  ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးရာတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား‌ ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူး ရောင်းချရန်၊ ကုန်စည်၏ အရည် အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံး ရက်စွဲများ၊ ထားသိုသိမ်း ဆည်းမှု အညွှန်း၊ သုံးစွဲ ပုံနည်း လမ်းများ ပြည့်စုံစွာရေးသားဖော်ပြ၍ ရောင်းချရန်နှင့် ဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)