Main menu

လျှပ်စစ်ပစ္စည်းများရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၁၂.၁၀.၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ Macro နှင့် Pro 1 တို့ရှိ  လျှပ်စစ်ပစ္စည်းများရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)က လျှပ်စစ် ပစ္စည်းများ (ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဝတ်လျှော်စက်၊ တီဗွီ) ၏ ဈေးကွက် အခြေအနေ၊ ဈေးနှုန်းမြှင့် တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မခွဲ(ခ)၊ (ဂ)နှင့် (ဆ)တို့ ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာ သာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များအားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)