
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မီးသတ်ဦးစီးဌာန၊ မြို့နယ်မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြို့နယ်အတွင်းစက်သုံးဆီ ရောင်းချလျက်ရှိ
သော အရောင်းဆိုင်များသို့ ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်သတ်မှတ်ဖော်ပြထားသောစျေးနှုန်း အတိုင်းရောင်းချရန်နှင့် အရည်အသွေး ပြည့်မှီသော စက်သုံးဆီများအား အလေးချိန် အချင်အတွယ် မှန်ကန်စွာ ရောင်းချကြရန် စားသုံးသူများနစ်နာမှုမရှိစေရန် မှာကြားခဲ့ပြီး ဆီရောင်းချနေသောဆီပန့် များအား စံအလေးချိန်ချင်တွယ်ခွက်များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခဲ့ပါသည်။
DOCA(ပဲခူး)
