
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှ ထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော စားအုန်းဆီများအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေးနှင့် ဈေးနှုန်းအဆ မတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိရာ (၅.၁၀.၂၀၂၆)ရက်နေ့မှ (၁၀.၁၀.၂၀၂၆) ရက်နေ့အထိ ဆီကုမ္ပဏီ(၂၉)ခုနှင့် စားအုန်းဆီတန်ချိန် (၆၈၉၂.၆၁၁)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
