
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ် တာဝန်ခံသည် လက်ပံတန်းမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆန် လက်လီ/ လက်ကား အရောင်းဆိုင်များ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် လက်ပံတန်း မြို့နယ်ရှိ ကမ်ကြီးတန်းလမ်းသို့ သွားရောက်ကွင်းဆင်းခဲ့ရာဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါကြောင်း၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် (၆၇၂၀၀) ကျပ်ဖြင့် အများပြည်သူများကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
