Main menu

ကြို့ပင်ကောက်မြိူ့နယ်အတွင်းရှိ  ကုန်စုံဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                  စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂၁ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် မြို့မဈေး (၁)အတွင်းရှိ  ဒေါ်မြင့်မြင့်စိန် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ  ပြည်စုံစွာ ဖော်ပြခြင်း ရှိ/မရှိသိရှိရန်အတွက်  မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်၊ စည်ပင်သာယာရေး အဖွဲ့နှင့် ဝန်ထမ်းတို့မှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန် ကန်ရှင်းလင်းသော သတင်းအချက်အလက်များသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိတို့ကို ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင် ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)