Main menu

သာယာဝတီခရိုင်တွင်ခေတ်အချိုရည်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊  ခရိုင်ဦးစီး မှူးရုံး၊ လက်ပံတန်းမြို့၌  ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ၊ နံနက်  (၁၁:၀၀ ) နာရီအချိန်တွင် ၊ ခရိုင်ဦးစီးမှူး ဦးနိုင်လင်း ထွန်း၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းတို့မှ ခေတ်အချိုရည် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ် ချက်များနှင့် အညီဖြန့် ဖြူး  ရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန် ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအား လည်းကောင်း၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည် နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကို အထူးအလေးထား ဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)