
အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ နစ်နာ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ မျှော်မှန်းသက်တမ်းမြင့်မားလာစေရေးတို့အတွက် သက်ဆိုင်ရာဌာနများ နှင့်ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ (၁.၁၀.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့ရှိ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၇)အခြေခံပညာမူလတန်းကျောင်း ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦး စီးမှူး ဦးတင်ဇော်ထွေးနှင့်စစ်ဆေးရေးအရာရှိများပူးပေါင်းပါဝင်ခဲ့ပြီး ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်း အမှတ် အသားများပြည်စုံမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ် ဖြစ်စေနိုင် သော အစားအစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ် ထားသော သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှု မရှိလျှင် အရေး ယူဆောင်ရွက်ခြင်းများရှိပါကြောင်း၊ စားသုံးသူပြည်သူများ၊ ကျောင်းသား / ကျောင်းသူ များအားကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်း အဖွဲ့များဖြင့် စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်းသိရသည်။
DOCA(မန္တလေး)
