Main menu

သထုံမြို့နယ်သို့ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီပေပါများ ရောက်ရှိမှုအခြေအနေအား စစ်ဆေးခြင်း

Powered by Drupal

 

          ၁၂.၁၀.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သထုံ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်အတွင်းသို့ စားအုန်းဆီ ကုမ္ပဏီများမှ စားအုန်းဆီပေပါရောက်ရှိလာမှုအခြေအနေအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် Yadanarbon Global Network နှင့် Mandalar Gon Saung Co.Ltd ထံသို့ ယာဉ်အမှတ် (4S-9171) ယာဉ်မောင်း ဦးအောင်ဇင်မျိုး မော်တော်ယာဉ်ဖြင့် စားအုန်းဆီပေပါများ ရောက်ရှိလာမှုနှင့် Global Good Pe Group Co.Ltd ထံသို့ ယာဉ်အမှတ် (9R-1998) ယာဉ်မောင်း ဦးစိုးသီဟ မော်တော်ယာဉ်ဖြင့် စားအုန်းဆီပေပါများ ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး သထုံမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်၊ အလေးချိန်ပြည့်မီ စေရေး၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချရန် ပြောကြားခဲ့ကြောင်း သိရသည်။

       DOCA (မွန်)