Main menu

တောင်သာမြို့နယ်တွင် နွေနှမ်းများဈေးကောင်းရရှိ၍ တောင်သူအကျိုးအမြတ်ရရှိကြောင်း

Powered by Drupal

                 တောင်သာမြို့နယ်သည်     နွေနှမ်းစိုက်ပျိုးခြင်းကို ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ပျိုး ပြီး ဇွန်လနှင့် ဇူလိုင်လတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း စိုက်ပျိုးထားရှိမှုမှာ တောင်သာမြို့နယ် ချုပ်အနေဖြင့် (၆၉၈) ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ နှမ်းစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူနှင့် နှမ်းညိုများကိုစိုက်ပျိုးကြသည်။ မျိုးစေ့တစ်ပြည်လျှင် (၉၀၀၀) ကျပ်ရှိကြောင်း ၊ တစ်ဧကစိုက်ပျိုးရာတွင်မျိုး (၄ပြီ) ခန့်စိုက်ပျိုးရကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်  စုစုပေါင်း (၅၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးသောကျေးရွာများမှာ ဆီမီးကန်ရွာ၊ ရုံးတောရွာ၊ ထန်းပင်ကန်ရွာ၊ ကျောက်ကွဲရွာ၊ ဇဂျမ်းရွာ၊ သာယာကြီးရွာနှင့် ကြီးပင်တဲရွာတို့တွင် နွေးနှမ်းများကို မြေအောက် ရေပေးစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၀-၁၁) တင်းခန့် ထွက်ရှိကြောင်း၊ နွေနှမ်းများကို ဇူလိုင်လကုန်တွင် ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ဩဂုတ်လလယ်၌ ဈေးကွက်တွင် လှိုင်လှိုင်ရောင်းဝယ်လျှက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မြင်းခြံကုန် စည်ဒိုင်ဈေးကွက်၌ နှမ်းဖြူတစ်တင်းလျှင် (၁၆၁၅၀၀-၁၆၃၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်း လျှင် (၁၆၃၀၀၀-၁၆၅၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊  နှမ်းဆီတစ်ပိဿာလျှင် (၂၀၀၀၀-၂၁၀၀၀) ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊  ဒေသတွင်းထွက်ရှိသော နှမ်းများကို တောင်သူများ ကိုယ်တိုင်တောင်သာမြို့၊ မြင်းခြံမြို့ ရှိပွဲရုံများသို့ တင်ပို့ရောင်းချသလို   ထိုပွဲရုံများမှတဆင့် မန္တလေးမြို့၊ မကွေးမြို့ သို့လည်းကောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ ဘုရင့်နောင်ပွဲရုံနှင့်  ရွှေပြည်သာမြို့ များသို့လည်း တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း၊ စားသုံးဆီ ဖူလုံစေရေးအတွက်  တောင်သူများ မှာနှမ်းကို ဆီထွက်သီးနှံ အဖြစ် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ ကုန်ကျစရိတ်များနုတ်ပြီး တစ်ဧက လျှင် (၆၅၀၀၀၀) ကျပ်ခန့် အကျိုးအမြတ်လည်းရရှိကြောင်း ထွက်ပေါ်ချိန်တွင် ဈေးကွက်၌ ဒေသစုံမှ အဝယ်လိုက်လာသဖြင့် နှမ်းစိုက်တောင်သူများ ဈေးကောင်းရရှိကြောင်း ရသာကျေးရွာမှ နှမ်းစိုက် တောင်သူများ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)